အင်္ဂုတ္တရနိကာယ်

(၁၉) ၄-အရိယမဂ္ဂဝဂ်

၄-သပ္ပုရိသဓမ္မသုတ်

၁၉၂။ ရဟန်းတို့ သင်တို့အား သူတော်ကောင်းတို့၏ တရားကိုလည်းကောင်း၊ မသူတော်တို့၏ တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ မသူတော်တို့၏ တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်း။ပ။ မှားယွင်းသော အမြင်တို့တည်း။ ရဟန်းတို့ ဤသည် ကို မသူတော်တို့၏ တရားဟု ဆိုအပ်၏။ ရဟန်းတို့ သူတော်ကောင်းတို့၏ တရားဟူသည် အဘယ် နည်း။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ပ။ မှန်ကန်သော အမြင်တို့တည်း။ ရဟန်းတို့ ဤသည် ကို သူတော်ကောင်းတို့၏ တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

စတုတ္ထသုတ်။