အင်္ဂုတ္တရနိကာယ်
(၁၁) ၁-သမ္ဗောဓဝဂ်
၅-ရုဏ္ဏသုတ်
၁ဝ၈။ ရဟန်းတို့ သီချင်းဆိုခြင်းသည် အရိယာ၏ အဆုံးအမ၌ ငိုသည် မည်၏၊ ရဟန်းတို့ ကခြင်းသည် အရိယာ၏ အဆုံးအမ၌ ရူးသွပ်သည် မည်၏၊ ရဟန်းတို့ အပိုင်းအခြားကို လွန်၍ သွားပေါ် အောင် ပြင်းစွာရယ်ခြင်းသည် အရိယာ၏ အဆုံးအမ၌ ကလေးသူငယ်တို့ ပြုအပ်သော အလုပ်မည်၏။ ရဟန်းတို့ ထို့ကြောင့် ဤသာသနာတော်ဝယ် သီချင်းဆိုခြင်း၌ အကြောင်းကို ပယ်သတ်ရမည်၊ ကခြင်း၌ အကြောင်းကို ပယ်သတ်ရမည်၊ တရားနှင့်စပ်သော အကြောင်းဖြင့် ဝမ်းမြောက်သော သူတော်ကောင်း ဖြစ်သော သင်တို့အား ပြုံးရုံမျှ ပြုံးခြင်းသည် သင့်လျော်၏ဟု (မိန့်တော်မူ၏)။
ပဉ္စမသုတ်။