အင်္ဂုတ္တရနိကာယ်

၅-စူဠဝဂ်

၆-သီလဝန္တသုတ်

၄၆။ ရဟန်းတို့ သီလရှိကုန်သော ရဟန်းတို့သည် အကြင် ရွာကိုလည်းကောင်း၊ နိဂုံးကိုလည်းကောင်း အမှီပြု၍ နေကုန်၏၊ ထို ရွာနိဂုံး၌ နေကုန်သော လူတို့သည် အကြောင်းသုံးမျိုးတို့ဖြင့် များစွာသော ကောင်းမှုကို ဖြစ်ပွါးစေကုန်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ— ကိုယ်ဖြင့် ဖြစ်ပွါးစေခြင်းလည်းကောင်း၊ နှုတ်ဖြင့် ဖြစ်ပွါးစေခြင်းလည်းကောင်း၊ စိတ်ဖြင့် ဖြစ်ပွါးစေခြင်းလည်းကောင်းတို့တည်း။ ရဟန်းတို့ သီလရှိကုန်သော ရဟန်းတို့သည် အကြင် ရွာကိုလည်းကောင်း၊ နိဂုံးကိုလည်းကောင်း အမှီပြု၍ နေကုန်၏၊ ထို ရွာနိဂုံး၌ နေကုန်သော လူတို့သည် ဤအကြောင်းသုံးမျိုးတို့ဖြင့် များစွာသော ကောင်းမှုကို့ဖြစ်ပွါးစေကုန်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌမသုတ်။