အင်္ဂုတ္တရနိကာယ်

(၁၅) ၅-အာဘာဝဂ်

၈-ဒုစ္စရိတသုတ်

၁၄၈။ ရဟန်းတို့ ဝစီဒုစရိုက်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— မဟုတ်မမှန် ပြောခြင်း၊ ကုန်းချောခြင်း၊ ကြမ်းတမ်းသော စကားဆိုခြင်း၊ ပြိန်ဖျင်းသော စကားကို ဆိုခြင်းတို့တည်း။ ရဟန်းတို့ ဝစီဒုစရိုက်တို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။