အင်္ဂုတ္တရနိကာယ်

(၂၈) ၈-ရာဂပေယျာလ

၃-ဣဒ္ဓိပါဒသုတ်

၂၇၆။ ရဟန်းတို့ ရာဂကို ထူးသော ဉာဏ်ဖြင့် သိရန်တရားလေးမျိုးတို့ကို ပွါးများအပ်ကုန်၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြုလိုမှု ‘ဆန္ဒ’ လျှင် အကြီးအမှူးရှိသော တည်ကြည်မှု ‘သမာဓိ’, ပြုပြင်တတ်သော အားထုတ်မှု ‘ပဓာနသင်္ခါရ’ နှင့် ပြည့်စုံသော ပြီးစီးထမြောက်မှု၏ အခြေခံ ‘ဣဒ္ဓိ ပါဒ်’တို့ကို ပွါးများ၏၊ အားထုတ်ခြင်း ‘ဝီရိယ’လျှင် အကြီးအမှူးရှိသော တည်ကြည်ခြင်း ‘သမာဓိ’။ပ။ စိတ်လျှင် အကြီးအမှူးရှိသော တည်ကြည်ခြင်း ‘သမာဓိ’။ပ။ ပညာ ‘ဝီမံသ’ လျှင် အကြီးအမှူးရှိသော တည်ကြည်မှု ‘သမာဓိ’, ပြုပြင်တတ်သော အားထုတ်မှု ‘ပဓာနသင်္ခါရ’နှင့် ပြည့်သော ပြီးစီးထမြောက်မှု၏အခြေခံ ‘ဣဒ္ဓိပါဒ်’တို့ကို ပွါးများ၏။ ရဟန်းတို့ ရာဂကို ထူးသော ဉာဏ်ဖြင့် သိရန် ဤတရားလေးမျိုးတို့ကို ပွါးများအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။