အင်္ဂုတ္တရနိကာယ်
(၈) ၃-အပဏ္ဏကဝဂ်
၄-ပဌမ အဂ္ဂသုတ်
၇၄။ ရဟန်းတို့ မြတ်သော တရားတို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— မြတ်သောသီလ၊ မြတ်သောသမာဓိ၊ မြတ်သောပညာ၊ မြတ်သောဝိမုတ္တိတို့တည်း။ ရဟန်းတို့ မြတ်သော တရားတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။