အင်္ဂုတ္တရနိကာယ်
(၂၁) ၁-ကိမိလဝဂ်
၇-ယာဂုသုတ်
၂ဝ၇။ ရဟန်းတို့ ယာဂု၏ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
ဆာလောင်ခြင်းကို ပယ်ဖျောက်တတ်၏။
မွတ်သိပ်ခြင်းကို ပယ်ဖျောက်တတ်၏။
လေကို စုန်စေတတ်၏။
ဆီးအိမ်ကို သုတ်သင် (စင်ကြယ်စေ) တတ်၏။
အစာသစ် အကြွင်းအကျန်ကို ကျေညက်စေတတ်၏။
ရဟန်းတို့ ယာဂု၏ အာနိသင်တို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။