အင်္ဂုတ္တရနိကာယ်
(၂၄) ၄-အာဝါသိကဝဂ်
၁ဝ-ဒုတိယ မစ္ဆရိယသုတ်
၂၄ဝ။ ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ကျောင်း၌ ဝန်တို၏။
ဒါယကာ၌ ဝန်တို၏။
လာဘ်၌ ဝန်တို၏။
ဂုဏ်အဆင်း၌ ဝန်တို၏။
တရား၌ ဝန်တို၏။
ရဟန်းတို့ ဤ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ ငရဲ၌ ဖြစ်ရ၏။
ရဟန်းတို့ တရားငါးမျိုးတို့နှင့် ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် ဆောင်ယူ၍ ချထားအပ် သကဲ့သို့ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ—
ကျောင်း၌ ဝန်တိုမှု မရှိ။
ဒါယကာ၌ ဝန်တိုမှု မရှိ။
လာဘ်၌ ဝန်တိုမှု မရှိ။
ဂုဏ်အဆင်း၌ ဝန်တိုမှု မရှိ။
တရား၌ ဝန်တိုမှု မရှိ။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့်ပြည့်စုံသော ကျောင်းထိုင်ရဟန်းသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ထို့အတူ နတ်ပြည်၌ ဖြစ်ရ၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
လေးခုမြောက် အာဝါသိကဝဂ် ပြီး၏။