အင်္ဂုတ္တရနိကာယ်
၉-သီတိဝဂ်
၁ဝ-တတိယ အဘဗ္ဗဋ္ဌာနသုတ်
၉၄။ ရဟန်းတို့ (သောတာပန်ပုဂ္ဂိုလ်အား) မထိုက်သော အရာတို့သည် ဤခြောက်မျိုးတို့တည်း။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ—
ဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် အမိရင်းကို သတ်ရန် မထိုက်၊ ဉာဏ်အမြင်နှင့် ပြည့်စုံ သောပုဂ္ဂိုလ်သည် အဖရင်းကို သတ်ရန် မထိုက်၊ ဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် ရဟန္တာကိုသတ်ရန် မထိုက်၊ ဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားအား ပြစ်မှားလိုသော စိတ်ဖြင့်သွေးကို ဖြစ်စေရန် မထိုက်၊ ဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် သံဃာကို သင်းခွဲရန် မထိုက်၊ ဉာဏ်အမြင်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည် မြတ်စွာဘုရားမှ အခြားသူတို့ကို ဆရာဟူ၍ ညွှန်ပြရန် မထိုက်။
ရဟန်းတို့ (သောတာပန်ပုဂ္ဂိုလ်အား) မထိုက်သော အရာတို့သည် ဤခြောက်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဒသမသုတ်။