သံယုတ္တနိကာယ်—၁

၇—အဒ္ဓဝဂ်

၇—ဥဍ္ဍိတသုတ်

၆၇။ အဘယ်အရာသည် လောကကို ဆွဲချိတ်အပ်ပါသနည်း၊ အဘယ်အရာသည် (လောကကို) ခြံရံအပ်ပါသနည်း၊ အဘယ်အရာသည် လောကကို ပိတ်ဆို့အပ်ပါသ နည်း၊ လောကသည် အဘယ်အရာ၌ တည်ပါသနည်းဟု (လျှောက်၏)။

တပ်မက်မှု ‘တဏှာ’သည် လောကကို ဆွဲချိတ်အပ်၏၊ အိုခြင်းသည် (လောကကို)။ခံရံအပ်၏၊ သေမင်းသည် လောကကို ပိတ်ဆို့အပ်၏၊ လောကသည် ဆင်းရဲ၌ တည်၏ဟု (မိန့်တော်မူ၏)။