သံယုတ္တနိကာယ်—၁၉
၁—ပဌမဝဂ်
၈—သူစိလောမသုတ်
၂ဝ၉။ ငါ့သျှင် ငါသည် ဂိဇ္ဈကုဋ်တောင်မှ ဆင်းသက်လတ်သော် ကောင်းကင်၌ သွားသော အပ်အမွေး ပေါက်သော ယောကျာ်းပြိတ္တာကို မြင်ရ၏၊ ထိုပြိတ္တာ၏ ထိုအပ်အမွေးတို့သည် ပျံတက်၍ ပျံတက်၍ ထိုပြိတ္တာ၏ ကိုယ်၌ပင် ကျရောက်ကုန်၏၊ ထိုပြိတ္တာသည် နာကျင်သော အသံကို ပြု၏။ပ။ ရဟန်းတို့ ထိုသတ္တဝါသည် ဤရာဇဂြိုဟ်ပြည်၌ပင် ရထားထိန်း ဖြစ်ခဲ့ဖူးပြီ။ပ။
အဋ္ဌမသုတ်။