သံယုတ္တနိကာယ်—၂၂

(၁၄) ၄—ကုက္ကုဠဝဂ်

၁ဝ—တတိယ အနတ္တသုတ်

၁၄၅။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့သည် ကိုယ်’အတ္တ’ မဟုတ်သော တရား၌ လိုချင်စွဲမက်မှု’ဆန္ဒရာဂ’ကို ပယ်ရမည်။ ရဟန်းတို့ အဘယ်သည်ကိုယ် ‘အတ္တ’ မဟုတ်သနည်း၊ ရဟန်းတို့ ရုပ်သည်ကိုယ် ‘အတ္တ’ မဟုတ်၊ သင်တို့သည် ထိုရုပ်၌ လိုချင်စွဲမက်မှု ‘ဆန္ဒ ရာဂ’ကို ပယ်ရမည်။ ဝေဒနာသည်ကိုယ်’အတ္တ’ မဟုတ်။ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည်ကိုယ်’အတ္တ’ မဟုတ်၊ သင်တို့သည် ထိုဝိညာဏ်၌ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ ကို ပယ်ရမည်။ ရဟန်းတို့ သင်တို့သည်ကိုယ် ‘အတ္တ’ မဟုတ်သောတရား၌ လိုချင်စွဲမက်မှု ‘ဆန္ဒရာဂ’ကို ပယ်ရမည်ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။