သံယုတ္တနိကာယ်—၂၂
၄—နတုမှာကဝဂ်
၉—တတိယ အနုဓမ္မသုတ်
၄၁။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ လောကုတ္တရာတရားအား လျော်သော အကျင့်ကို ကျင့်လေ့ရှိသောရဟန်းအား ဤတရားစဉ်သည် ဖြစ်၏၊ “ရုပ်၌ ဆင်းရဲတည်းဟု အစဉ်ရှုလေ့ရှိသည် ဖြစ်၍ နေရာ၏။ပ။ ဆင်းရဲအပေါင်းမှ လွတ်၏ “ဟု (ငါ) ဟော၏။
နဝမသုတ်။