သံယုတ္တနိကာယ်—၂၃

၂—ဒုတိယဝဂ်

၁ဝ—ဝယဓမ္မသုတ်

၁၇၉။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်ရာဓသည် မြတ်စွာဘုရားအားအသျှင်ဘုရား “ပျက်ခြင်းသဘော ပျက်ခြင်းသဘော”ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်သည်ပျက်ခြင်း သဘောပါနည်းဟု လျှောက်၏။ ရာဓ ရုပ်သည် ပျက်ခြင်းသဘောတည်း၊ ဝေဒနာသည့်ပျက်ခြင်းသဘော တည်း၊ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် ပျက်ခြင်းသဘောတည်း၊ ဤသို့မြင်သော။ပ။ ဤ မဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။