သံယုတ္တနိကာယ်—၂၃
၂—ဒုတိယဝဂ်
၁၂—နိရောဓဓမ္မသုတ်
၁၈၁။ သာဝတ္ထိနိဒါန်း။ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော အသျှင်ရာဓသည် မြတ်စွာဘုရားအားအသျှင်ဘုရား “ချုပ်ခြင်းသဘော ချုပ်ခြင်းသဘော”ဟု ဆိုအပ်ပါ၏၊ အသျှင်ဘုရား အဘယ်သည်ချုပ်ခြင်း သဘောပါနည်းဟု လျှောက်၏။ ရာဓ ရုပ်သည် ချုပ်ခြင်းသဘောတည်း၊ ဝေဒနာသည်ချုပ်ခြင်းသဘော တည်း၊ သညာသည်။ သင်္ခါရတို့သည်။ ဝိညာဏ်သည် ချုပ်ခြင်းသဘောတည်း၊ ဤသို့မြင်သော။ပ။ ဤ မဂ်ကိစ္စအလို့ငှါ တစ်ပါးသောပြုဖွယ် မရှိတော့ပြီဟု သိ၏ဟု (မိန့်တော်မူ၏)။
ဒွါဒသမသုတ်။
ဒုတိယဝဂ် ပြီး၏။