သံယုတ္တနိကာယ်—၂၅
၃—ဝိညာဏသုတ်
၃ဝ၄။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ စက္ခုဝိညာဏ်သည် မမြဲ၊ ဖောက်ပြန်တတ်၏၊ တစ်မျိုးတစ်ဖုံဖြစ်တတ်၏။ သောတဝိညာဏ်သည်။ ဃာနဝိညာဏ်သည်။ ဇိဝှါဝိညာဏ်သည်။ ကာယဝိညာဏ်သည်။ မနောဝိညာဏ်သည် မမြဲ၊ ဖောက်ပြန်တတ်၏၊ တစ်မျိုးတစ်ဖုံ ဖြစ်တတ်၏။
ရဟန်းတို့။ပ။ အထက်မဂ် သုံးပါးလျှင် လားရာရှိသော သောတာပန်ဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
တတိယသုတ်။