သံယုတ္တနိကာယ်—၃၂

၁—သုဒ္ဓိကသုတ်

၅၅ဝ။ သာဝတ္ထိနိဒါန်း။ ရဟန်းတို့ သင်တို့အား ဝလာဟကနတ်မျိုးတို့ကို ဟောပြအံ့၊ ထိုတရားကိုနာကြကုန်လော့။ ရဟန်းတို့ ဝလာဟကနတ်မျိုးတို့ဟူသည် အဘယ်တို့နည်း၊ ရဟန်းတို့ အအေးကို ပြုတတ်သော ဝလာဟကနတ်၊ အပူကို ပြုတတ်သော ဝလာဟကနတ်၊ ဆီးနှင်းကျစေတတ်သောဝလာဟက နတ်၊ လေတိုက်ခတ်စေတတ်သော ဝလာဟကနတ်၊ မိုးရွာစေတတ်သောဝလာဟကနတ်တို့သည် ရှိကြကုန်၏။ ရဟန်းတို့ ဤနတ်တို့ကို ဝလာဟကနတ်မျိုးတို့ဟုဆိုအပ်ကုန်၏ဟု (မိန့်တော်မူ၏)။

ပဌမသုတ်။