သံယုတ္တနိကာယ်—၃၅
(၁၃) ၃—ဂဟပတိဝဂ်
၂—ဝဇ္ဇီသုတ်
၁၂၅။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝဇ္ဇီတိုင်း ဟတ္ထိရွာ၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါဟတ္ထိရွာသား ဥဂ္ဂသူကြွယ်သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ ထိုင်နေပြီးသော်မြတ်စွာဘုရားအား—“အသျှင်ဘုရား ဤလောက၌ အချို့သော သတ္တဝါတို့ မျက်မှောက်ဘဝ၌ ကိလေသာမှ့မငြိမ်းအေးနိုင်သော အကြောင်းအထောက်အပံ့ကား အဘယ်ပါနည်း၊ အသျှင်ဘုရား ဤလောက၌ အချို့သော သတ္တဝါတို့ မျက်မှောက်ဘဝ၌ ကိလေသာမှ ငြိမ်းအေးနိုင်သော အကြောင်းအထောက်အပံ့ကားအဘယ်ပါနည်း”ဟု လျှောက်၏။ [ရှေးသုတ်ကဲ့သို့ ချဲ့အပ်၏ ]။
သူကြွယ် ဤလောက၌ အချို့သော သတ္တဝါတို့ မျက်မှောက်ဘဝ၌ ကိလေသာမှ ငြိမ်းအေးနိုင်သောအကြောင်းအထောက်အပံ့ကား ဤသည်ပင်တည်းဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။