သံယုတ္တနိကာယ်—၃၅

၁—အနိစ္စဝဂ်

၃—အဇ္ဈတ္တာနတ္တသုတ်

၃။ ရဟန်းတို့ မျက်စိသည်ကိုယ် ‘အတ္တ’ မဟုတ်၊ကိုယ် ‘အတ္တ’ မဟုတ်သော မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ မဟုတ်၊ ဤမျက်စိသည် ငါ မဟုတ်၊ ဤမျက်စိသည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ် “ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ နားသည်ကိုယ် ‘အတ္တ’ မဟုတ်။ပ။ နှာခေါင်းသည်ကိုယ် ‘အတ္တ’ မဟုတ်။ပ။ လျှာသည်ကိုယ် ‘အတ္တ ‘ မဟုတ်။ပ။ကိုယ်သည်ကိုယ် ‘အတ္တ’မဟုတ်။ပ။ စိတ်သည်ကိုယ် ‘အတ္တ’ မဟုတ်၊ကိုယ် ‘အတ္တ’ မဟုတ်သော စိတ်ကို “ ဤစိတ်သည် ငါ့ဥစ္စာမဟုတ်၊ ဤ စိတ်သည် ငါ မဟုတ်၊ ဤစိတ်သည် ငါ၏ကိုယ်’အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။

ဤသို့ ရှုသော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ “ဟု သိ၏ဟု (မိန့်တော်မူ၏)။

တတိယသုတ်။