သံယုတ္တနိကာယ်—၃၇
၁—ပဌမ ပေယျာလဝဂ်
၁ဝ—ဒုဿီလသုတ်
၂၈၉။ အနုရုဒ္ဓါ တရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည်။ပ။ ငရဲသို့ ရောက်ရ၏။ အဘယ်ငါးမျိုးတို့နည်း၊ ယုံကြည်မှု ‘သဒ္ဓါ’ တရားလည်း မရှိ၊ အရှက်လည်း မရှိ၊ အကြောက်လည်း မရှိ၊ ကိုယ်ကျင့် ‘သီလ’လည်း မရှိ၊ ပညာမဲ့၏။ အနုရုဒ္ဓါ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော မာတုဂါမသည်။ပ။ ငရဲသို့ ရောက်ရ၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။