သံယုတ္တနိကာယ်—၃၇
၃—ဗလဝဂ်
၄—ဧကသုတ်
၃ဝ၇။ ရဟန်းတို့ တစ်ခုတည်းသော အားနှင့် ပြည့်စုံသော ယောကျာ်းသည် မာတုဂါမကို လွှမ်းမိုး၍ ဖြစ်၏။ တစ်ခုသော အားဟူသည် အဘယ်နည်း၊ (ယောကျာ်း၏) အစိုးရခြင်းတည်းဟူသော အားဖြင့်လွှမ်းမိုးခံရသော မာတုဂါမကို အဆင်းအားသည် မစောင့်ရှောက်နိုင်၊ စည်းစိမ်ဥစ္စာအားသည် မစောင့်ရှောက်နိုင်၊ သားသမီးအားသည် မစောင့်ရှောက်နိုင်၊ သီလအားသည် မစောင့်ရှောက်နိုင်ဟု (မိန့်တော်မူ၏)။
စတုတ္ထသုတ်။