သံယုတ္တနိကာယ်—၄၅

၂—ဒုတိယ ဂင်္ဂ ါပေယျာလဝဂ်

၂၆—၃ဝ—ဒုတိယာဒိ ပါစီနနိန္နသုတ်

၁၂၈—၁၃၂။ ရဟန်းတို့ ယမုနာမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင်ရဟန်းသည်။ပ။ ရဟန်းတို့ အစိရဝတီမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင်ရဟန်းသည်။ပ။ ရဟန်းတို့ သရဘူမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင်ရဟန်းသည်။ပ။ ရဟန်းတို့ မဟီမြစ်သည် အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင်ရဟန်းသည်။ပ။ ရဟန်းတို့ ဂင်္ဂါ ယမုနာ အစိရဝတီ သရဘူ မဟီဟူသော ဤမြစ်ကြီးအားလုံးတို့သည်အရှေ့အရပ်သို့ ညွတ်ကိုင်း ရှိုင်းသကဲ့သို့ ထို့အတူပင် အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသောကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်း၏။

ရဟန်းတို့ အင်္ဂါရှစ်ပါးရှိသည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်း သည်အဘယ်သို့လျှင် နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသနည်း၊ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည်နိဗ္ဗာန်သို့ ညွတ်ကိုင်း ရှိုင်းသော မှန်ကန်သောအမြင် ‘သမ္မာဒိဋ္ဌိ’ကို ပွားများ၏။ပ။ နိဗ္ဗာန်သို့ညွတ်ကိုင်း ရှိုင်းသော မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’ကို ပွားများ၏။ ရဟန်းတို့ ဤသို့လျှင်အင်္ဂါရှစ်ပါးရှိ သည့် အရိယမဂ်ကို ပွားများသော ကြိမ်ဖန်များစွာ ပြုလုပ်သော ရဟန်းသည် နိဗ္ဗာန်သို့ညွတ်ကိုင်း ရှိုင်း၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။