သံယုတ္တနိကာယ်—၄၇
၉—ဧသနာဝဂ်
၁—၁ဝ—ဧသနာစသော ၁ဝ—သုတ်
၄၅၁—၄၆ဝ။ ရဟန်းတို့ ရှာမှီးခြင်းတို့သည် ဤသုံးမျိုးတို့တည်း။ အဘယ်သုံးမျိုးတို့နည်း၊ ကာမကိုရှာမှီးခြင်း၊ ဘဝကို ရှာမှီးခြင်း၊ အကျင့်မြတ်ကို ရှာမှီးခြင်းတို့တည်း။ ဤသို့ စသည်ဖြင့် ချဲ့အပ်၏။
ကိုးခုမြောက် ဧသနာဝဂ် ပြီး၏။