သံယုတ္တနိကာယ်—၅၄
၂—ဒုတိယဝဂ်
၁ဝ—အာသဝက္ခယသုတ်
၉၉၆။ အာသဝတို့ ကုန်ခြင်းငှါ ဖြစ်၏။ ရဟန်းတို့ အာနာပါနဿတိသမာဓိကို အဘယ်သို့ ပွါးများ အပ်ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော် သံယောဇဉ်ကို ပယ်ခြင်းငှါ ဖြစ်သနည်း။ အနုသယတို့ကိုကောင်းစွာ ခွါခြင်းငှါ ဖြစ်သနည်း။ အဓွန့် ‘ကာလ’ကို ပိုင်းခြားသိခြင်းငှါ ဖြစ်သနည်း။ အာသဝတို့ ကုန်ခြင်းငှါ ဖြစ်သနည်း။
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် တောသို့ သွားရောက်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွားရောက်၍ဖြစ်စေ။ပ။ “စွန့်လွှတ်မှုကို အကြိမ်ကြိမ် ရှုလျက် ထွက်သက်လေကို ထုတ်အံ့”ဟု အားထုတ်၍ကျင့်၏၊ “စွန့်လွှတ်မှုကို အကြိမ်ကြိမ် ရှုလျက် ဝင်သက်လေကို ရှူအံ့”ဟု အားထုတ်၍ ကျင့်၏။
ရဟန်းတို့ အာနာပါနဿတိသမာဓိကို ဤသို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုလုပ်အပ်သည်ရှိသော်သံယောဇဉ်ကို ပယ်ခြင်းငှါ ဖြစ်၏။ပ။ အနုသယတို့ကို ကောင်းစွာ ခွါခြင်းငှါ ဖြစ်၏။ပ။ အဓွန့် ‘ကာလ’ကိုပိုင်းခြားသိခြင်းငှါ ဖြစ်၏။ပ။ အာသဝတို့ ကုန်ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
ဒုတိယဝဂ် ပြီး၏။
ဆယ်ခုမြောက် အာနာပါနသံယုတ်ပြီး၏။