သံယုတ္တနိကာယ်—၅၆
၁၁—ပဉ္စ ဂတိပေယျာလဝဂ်
၄—၆—မနုဿစုတိ ဒေဝနိရယာဒိသုတ်
၁၁၇၅—၁၁၇၇။ ရဟန်းတို့ ဤအတူပင် လူ့ဘဝမှ စုတေ၍ နတ်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့ သည်နည်းပါးကုန်၏၊ စင်စစ်အားဖြင့် လူ့ဘဝမှ စုတေ၍ ငရဲ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍များကုန်၏။ပ။ တိရစ္ဆာန်ဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။ ပြိတ္တာဘဝ၌ ဖြစ်ကုန်သော သတ္တဝါတို့သည်သာ ပို၍ များကုန်၏။ပ။
ဆဋ္ဌသုတ်။