အင်္ဂုတ္တရနိကာယ်
၁၁-အဓမ္မဝဂ်
၁၄ဝ။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အဓမ္မ္မကို “အဓမ္မ”ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးဖြစ်ခြင်းငှါ နတ်လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထို ုရဟန်းတို့သည် ဤသာသနာတော် ကိုလည်း တည်တံ့စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။
၁၄၁။ ရဟန်းတို့ အကြင် ရဟန်းတို့သည် ဓမ္မ္မကို “ဓမ္မ”ဟု ပြကုန်၏၊ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးဖြစ်ခြင်းငှါ နတ်လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထို ုရဟန်းတို့သည် ဤသာသနာတော် ကိုလည်း တည်တံ့စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။
၁၄၂—၁၄၉။ ရဟန်းတို့ အကြင် ရဟန်းတို့သည် အဝိနယကို “အဝိနယ”ဟု ပြကုန်၏။ပ။ ဝိနယကို “ဝိနယ”ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို “မြတ်စွာဘုရား မဟောအပ် မပြောအပ်”ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား ဟောအပ် ပြောအပ်သည်ကို “မြတ်စွာဘုရား ဟောအပ် ပြောအပ်၏”ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား အလေ့အကျင့် မပြုအပ်သည်ကို “မြတ်စွာဘုရား အလေ့ အကျင့် မပြုအပ်”ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်သည်ကို “မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်၏”ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား မပညတ်အပ်သည်ကို “မြတ်စွာဘုရား မပညတ်အပ်”ဟု ပြကုန်၏။ပ။ မြတ်စွာဘုရား ပညတ်အပ်သည်ကို “မြတ်စွာဘုရား ပညတ်အပ်၏”ဟု ပြကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများ၏ အစီးအပွါးဖြစ်ခြင်းငှါ လူအများ၏ ချမ်းသာခြင်းငှါ လူအများ၏ အကျိုးဖြစ်ခြင်းငှါ နတ်လူတို့၏ အစီးအပွါးဖြစ်ခြင်းငှါ ချမ်းသာခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏၊ ထို ုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း တည်တံ့စေသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။
တစ်ဆယ့်တစ်ခုမြောက် အဓမ္မဝဂ် ပြီး၏။