အင်္ဂုတ္တရနိကာယ်

(၁၅) ၅-အရိယဝဂ်

၇-ဘာဝေတဗ္ဗသုတ်

၁၅၁။ ရဟန်းတို့ သင်တို့အား ပွါးများရမည့် တရားကိုလည်းကောင်း၊ မပွါးများရမည့် တရားကို လည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ မပွါးများရမည့် တရားဟူသည် အဘယ်နည်း၊ မှားယွင်းသော အမြင်။ပ။ မှားယွင်းသော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို မပွါးများရမည့် တရားဟု ဆိုအပ်၏။ ရဟန်းတို့ ပွါးများရမည့် တရားဟူသည် အဘယ်နည်း၊ မှန်ကန်သော အမြင်။ပ။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း၊ ရဟန်းတို့ ဤသည်ကို ပွါးများရမည့် တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

သတ္တမသုတ်။