အင်္ဂုတ္တရနိကာယ်

(၁၅) ၅-အရိယဝဂ်

၁ဝ-သစ္ဆိကာတဗ္ဗသုတ်

၁၅၄။ ရဟန်းတို့ သင်တို့အား မျက်မှောက်ပြုရမည့် တရားကိုလည်းကောင်း၊ မျက်မှောက် မပြုရ မည့် တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ မျက်မှောက်မပြုရ မည့် တရားဟူသည် အဘယ်နည်း၊ မှားယွင်းသော အမြင်။ပ။ မှားယွင်းသော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို မျက်မှောက်မပြုရမည့် တရားဟု ဆိုအပ်၏။ ရဟန်းတို့ မျက်မှောက်ပြုရမည့် တရားဟူသည် အဘယ်နည်း၊ မှန်ကန်သော အမြင်။ပ။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း၊ ရဟန်းတို့ ဤသည်ကို မျက်မှောက်ပြုရမည့် တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

ငါးခုမြောက် အရိယဝဂ် ပြီး၏။

တတိယသုတ်ငါးဆယ် ပြီး၏။