အင်္ဂုတ္တရနိကာယ်

၁-ကမ္မကာရဏဝဂ်

၇-ကဏှသုတ်

၇။ ရဟန်းတို့ မည်းညစ်သော တရားတို့သည် ဤနှစ်မျိုးတို့တည်း။ အဘယ် နှစ်မျိုးတို့နည်း ဟူမူကား။ မကောင်းမှုမှ မရှက်ခြင်း အဟိရိကလည်းကောင်း၊ မကောင်းမှုမှ မထိတ်လန့်ခြင်း အနောတ္တပ္ပလည်းကောင်း တို့တည်း။ ရဟန်းတို့ မည်းညစ်သော တရားတို့သည် ဤနှစ်မျိုးတို့ပေတည်း— ဟု မိန့်တော်မူ၏။

သတ္တမသုတ်