အင်္ဂုတ္တရနိကာယ်

(၁၆) ၁-ဣန္ဒြိယဝဂ်

၂-သဒ္ဓါဗလသုတ်

၁၅၂။ ရဟန်းတို့ ဗိုလ်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ— သဒ္ဓါဗိုလ် ဝီရိယဗိုလ် သတိဗိုလ် သမာဓိဗိုလ်တို့တည်း။ ရဟန်းတို့ ဗိုလ်တို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ဒုတိယသုတ်။