အင်္ဂုတ္တရနိကာယ်
(၂၅) ၅-အာပတ္တိ ဘယဝဂ်
၈-ပဌမ ဝေါဟာရသုတ်
၂၅ဝ။ ရဟန်းတို့ အရိယာမဟုတ်သူတို့၏ ပြောဆိုခြင်းတို့သည် ဤလေးမျိုးတို့တည်း။ အဘယ် လေးမျိုးတို့နည်းဟူမူ— မမြင်သည်၌ မြင်၏ဟု ပြောဆိုခြင်း၊ မကြားသည်၌ ကြား၏ဟု ပြောဆိုခြင်း၊ မတွေ့သည်၌ တွေ့၏ဟု ပြောဆိုခြင်း၊ မသိသည်၌ သိ၏ဟု ပြောဆိုခြင်းတို့တည်း။ ရဟန်းတို့ အရိယာ မဟုတ်သူတို့၏ ပြောဆိုခြင်းတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။
အဋ္ဌမသုတ်။