အင်္ဂုတ္တရနိကာယ်
(၂၇) ၇-ကမ္မပထဝဂ်
၂-အဒိန္နာဒါယီသုတ်
၂၆၅။ ရဟန်းတို့ တရားလေးမျိုးတို့နှင့် ပြည့်စုံသော သူသည် ဆောင်ယူ၍ ချထားအပ်သကဲ့သို့ ဤအတူ ငရဲသို့ ရောက်ရ၏။ အဘယ်လေးမျိုးတို့နည်းဟူမူ— မိမိကိုယ်တိုင်လည်း မပေးသည်ကို ယူ၏၊ သူတစ်ပါးကိုလည်း မပေးသည်ကို ယူခြင်း၌ ဆောက်တည်စေ၏။ မပေးသည်ကို ယူခြင်း၌ နှစ်သက် သဘောတူ၏၊ မပေးသည်ကို ယူခြင်း၏ ကျေးဇူးကို ပြောဆို၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့်။ပ။
မိမိကိုယ်တိုင်လည်း မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ သူတစ်ပါးကိုလည်း မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၌ ဆောက်တည်စေ၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၌ နှစ်သက် သဘောတူ၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၏ ကျေးဇူးကို ပြောဆို၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့်။ပ။
ဒုတိယသုတ်။