အင်္ဂုတ္တရနိကာယ်
(၂၇) ၇-ကမ္မပထဝဂ်
၉-ဗျာပန္နစိတ္တသုတ်
၂၇၂။ မိမိကိုယ်တိုင်လည်း ပျက်စီးစေလိုသော ‘ဗျာပါဒ’ စိတ်ရှိ၏၊ သူတစ်ပါးကိုလည်း ပျက်စီး စေလိုခြင်း ‘ဗျာပါဒ’၌ ဆောက်တည်စေ၏၊ ပျက်စီးစေလိုခြင်း ‘ဗျာပါဒ’၌ နှစ်သက် သဘောတူ၏၊ ပျက်စီး စေလိုခြင်း’ဗျာပါဒ’၏ ကျေးဇူးကို ပြောဆို၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့်။ပ။
မိမိကိုယ်တိုင်လည်း မပျက်စီးစေလိုသော ‘အဗျာပါဒ’ စိတ်ရှိ၏၊ သူတစ်ပါးကိုလည်း မပျက်စီးစေလို သော ‘အဗျာပါဒ’၌ ဆောက်တည်စေ၏၊ မပျက်စီးစေလိုသော’အဗျာပါဒ’၌ နှစ်သက်သဘောတူ၏၊ မပျက်စီး စေလိုသော ‘အဗျာပါဒ’၏ ကျေးဇူးကို ပြောဆို၏။ ရဟန်းတို့ ဤတရားလေးမျိုးတို့နှင့်။ပ။
နဝမသုတ်။