အင်္ဂုတ္တရနိကာယ်
(၂၂) ၂-အက္ကောသကဝဂ်
၁-အက္ကောသကသုတ်
၂၁၁။ ရဟန်းတို့ သီတင်းသုံးဖော်တို့ကို ဆဲရေးတတ် ရေရွတ်ကြိမ်းမောင်းတတ် အရိယာပုဂ္ဂိုလ်တို့အား စွပ်စွဲတတ်သော ရဟန်းသည် အပြစ်ငါးမျိုးတို့ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်ကုန်၏။
အဘယ်ငါးမျိုးတို့နည်းဟူမူ —
(လောကုတ္တရာတရား) ပြတ်၍ (လောကုတ္တရာတရားမှ) ဆုံးရှုံး၏။
ညစ်နွမ်းသော အာပတ်တစ်မျိုးမျိုးသို့မူလည်း ရောက်၏။
ပြင်းထန်သော ရောဂါသို့မူလည်း ရောက်၏။
တွေဝေလျက် သေရ၏။
ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်းသော လားရာ ပျက်စီး၍ကျရောက်ရာဖြစ်သော ငရဲသို့ ရောက်ရ၏။
ရဟန်းတို့ သီတင်းသုံးဖော်တို့ကို ဆဲရေးတတ် ရေရွတ်ကြိမ်းမောင်းတတ် အရိယာပုဂ္ဂိုလ်တို့အားစွပ်စွဲတတ်သော ရဟန်းသည် ဤအပြစ်ငါးမျိုးတို့ကို (မချွတ်ရလိမ့်မည်ဟု) မျှော်လင့်အပ်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။