အင်္ဂုတ္တရနိကာယ်
၇-ဒေဝတာဝဂ်
၁-အနာဂါမိဖလသုတ်
၆၅။ ရဟန်းတို့ တရားခြောက်မျိုးတို့ကို မပယ်မူ၍ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ မထိုက်။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ —
ယုံကြည်ခြင်း ‘သဒ္ဓါ’ မရှိမှု၊ (ဒုစရိုက်မှ) မရှက်မှု၊ (ဒုစရိုက်မှ) မလန့်မှု၊ ပျင်းရိမှု၊ သတိ လွတ်ကင်းမှု၊ ပညာမဲ့မှုတို့တည်း။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့ကို မပယ်မူ၍ အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ မထိုက်။
ရဟန်းတို့ တရားခြောက်မျိုးတို့ကို ပယ်သဖြင့် အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ထိုက်၏။
အဘယ်ခြောက်မျိုးတို့နည်းဟူမူ —
ယုံကြည်ခြင်း ‘သဒ္ဓါ’ မရှိမှု၊ (ဒုစရိုက်မှ) မရှက်မှု၊ (ဒုစရိုက်မှ) မလန့်မှု၊ ပျင်းရိမှု၊ သတိလွတ် ကင်းမှု၊ ပညာမဲ့မှုတို့တည်း။
ရဟန်းတို့ ဤတရားခြောက်မျိုးတို့ကို ပယ်သဖြင့် အနာဂါမိဖိုလ်ကို မျက်မှောက်ပြုခြင်းငှါ ထိုက်၏ဟု (မိန့်တော်မူ၏)။
ပဌမသုတ်။