သံယုတ္တနိကာယ်—၃၅
၁—အနိစ္စဝဂ်
၂—အဇ္ဈတ္တဒုက္ခသုတ်
၂။ ရဟန်းတို့ မျက်စိသည် ဆင်းရဲ၏၊ ဆင်းရဲသော မျက်စိသည်ကိုယ် ‘အတ္တ’ မဟုတ်၊ကိုယ် ‘အတ္တ’မဟုတ်သော မျက်စိကို “ ဤမျက်စိသည် ငါ့ဥစ္စာ မဟုတ်၊ ဤမျက်စိသည် ငါ မဟုတ်၊ ဤမျက်စိသည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။ နားသည်ဆင်းရဲ၏။ပ။ နှာခေါင်းသည် ဆင်းရဲ၏။ပ။ လျှာသည် ဆင်းရဲ၏။ပ။ကိုယ်သည် ဆင်းရဲ၏။ပ။ စိတ်သည်ဆင်းရဲ၏၊ ဆင်းရဲသော စိတ်သည်ကိုယ် ‘အတ္တ’ မဟုတ်၊ကိုယ် ‘အတ္တ’ မဟုတ်သော စိတ်ကို “ ဤစိတ်သည် ငါ့ဥစ္စာ မဟုတ်၊ ဤစိတ်သည် ငါ မဟုတ်၊ ဤစိတ်သည် ငါ၏ကိုယ် ‘အတ္တ’ မဟုတ်”ဟု့ ဤသို့ဟုတ်တိုင်းမှန်စွာ မှန်ကန်သော ပညာဖြင့် ရှုရမည်။
ဤသို့ ရှုသော။ပ။ ဤ (မဂ်ကိစ္စ) အလို့ငှါ တစ်ပါးသော ပြုဖွယ် မရှိတော့ပြီ”ဟု သိ၏ဟု (မိန့် တော်မူ၏)။
ဒုတိယသုတ်။