အင်္ဂုတ္တရနိကာယ်
၂ဝ-အမတဝဂ်
၆ဝဝ။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ့သတိကို မသုံးဆောင်ကုန်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မသုံးဆောင်ရသည် မည်ကုန်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို သုံးဆောင်ကုန်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို သုံးဆောင်ရသည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ (၁)
၆ဝ၁။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို မသုံးဆောင်အပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မသုံးဆောင်အပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို သုံးဆောင်အပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို သုံးဆောင်အပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၂)
၆ဝ၂။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို ဆုတ်ယုတ်စေအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ဆုတ်ယုတ်စေအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မဆုတ် ယုတ်စေအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မဆုတ်ယုတ်စေအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၃)
၆ဝ၃။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို ချွတ်ယွင်းစေအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ချွတ်ယွင်းစေအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မချွတ်ယွင်းစေအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မချွတ်ယွင်းစေအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၄)
၆ဝ၄။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို မေ့လျော့ကုန်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မေ့လျော့သည် မည်ကုန်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မမေ့မလျော့ကုန်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မမေ့မလျော့သည် မည်ကုန်၏ဟု (မိန့်တော်မူ၏)။ (၅)
၆ဝ၅။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို ပျောက်ပျက်စေအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ပျောက်ပျက်စေအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မပျောက်ပျက်စေအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မပျောက်ပျက်စေအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၆)
၆ဝ၆။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို မမှီဝဲအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မမှီဝဲအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မှီဝဲအပ်၏ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မှီဝဲအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၇)
၆ဝ၇။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို မပွါးများအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မပွါးများအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို ပွါးများအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ပွါးများအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၈)
၆ဝ၈။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို အဖန်ဖန် အလေ့အလာ မပြုအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို အဖန်ဖန် အလေ့အလာ မပြုအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို အဖန်ဖန် အလေ့အလာ ပြုအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို အဖန်ဖန် အလေ့အလာပြုအပ်သည်မည်၏ဟု (မိန့်တော်မူ၏)။ (၉)
၆ဝ၉။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို ထူးသော ဉာဏ်ဖြင့် မသိအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ထူးသော ဉာဏ်ဖြင့် မသိအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို ထူးသော ဉာဏ်ဖြင့် သိအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ထူးသော ဉာဏ်ဖြင့် သိအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၁ဝ)
၆၁ဝ။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို ပိုင်းခြား၍ မသိအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ပိုင်းခြား၍ မသိအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို ပိုင်းခြား ၍ သိအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို ပိုင်းခြား၍ သိအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၁၁)
၆၁၁။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာ သတိကို မျက်မှောက် မပြုအပ်၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မျက်မှောက် မပြုအပ်သည် မည်၏။ ရဟန်းတို့ အကြင်သူတို့သည် ဆံအစရှိသော ရုပ်အပေါင်း၌ အောက်မေ့ခြင်း ကာယဂတာသတိကို မျက်မှောက်ပြုအပ်၏၊ ထိုသူတို့သည် အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြုအပ်သည် မည်၏ဟု (မိန့်တော်မူ၏)။ (၁၂)
(မြတ်စွာဘုရားသည် ဤတရားကို ဟောတော်မူ၏၊ ထိုရဟန်းတို့သည် မြတ်စွာဘုရား ဟောတော်မူသော တရားတော်ကို နှစ်လိုကုန်သည်ဖြစ်၍ ဝမ်းမြောက်စွာ ခံယူကြလေကုန် သတည်း)။
အမတဝဂ် ပြီး၏။
ဧကကနိပါတ် ပြီး၏။