အင်္ဂုတ္တရနိကာယ်
(၁၁) ၁-သမဏသညာဝဂ်
၁၂-ဒုတိယ အသေခသုတ်
၁၁၂။ ရဟန်းတို့ အသေခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော တရားတို့သည် ဤဆယ်မျိုးတို့တည်း။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ—အသေခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော မှန်ကန်သော အမြင်၊ အသေခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော မှန်ကန်သော အကြံအစည်၊ အသေခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော မှန်ကန်သော စကား၊ အသေခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော မှန်ကန်သော အလုပ်၊ အသေခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော မှန်ကန်သော အသက်မွေးမှု၊ အသေခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော မှန်ကန်သော လုံ့လ၊ အသေခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော မှန်ကန်သော သတိ၊ အသေခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော မှန်ကန်သော သမာဓိ၊ အသေခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော မှန်ကန်သော ဉာဏ်၊ အသေခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော မှန်ကန်သော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်တို့ကား အသေခပုဂ္ဂိုလ်တို့၏ ဥစ္စာဖြစ်သော တရား ဆယ်မျိုးတို့တည်းဟု (မိန့်တော်မူ၏)။
ဒွါဒသမသုတ်။
ရှေးဦးစွာသော သမဏသညာဝဂ် ပြီး၏။