အင်္ဂုတ္တရနိကာယ်

(၁၂) ၂-ပစ္စောရောဟဏိဝဂ်

၁ဝ-အာသဝက္ခယသုတ်

၁၂၂။ ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သော ဤတရားဆယ်မျိုးတို့သည် အာသဝေါ တရားတို့ ကုန်ခန်းရန် အလို့ငှါ ဖြစ်ကုန်၏။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ— မှန်ကန်သော အမြင်၊ မှန်ကန်သော အကြံအစည်၊ မှန်ကန်သော စကား၊ မှန်ကန်သော အလုပ်၊ မှန်ကန်သော အသက်မွေးမှု၊ မှန်ကန်သော လုံ့လ၊ မှန်ကန်သော သတိ၊ မှန်ကန်သော သမာဓိ၊ မှန်ကန်သော ဉာဏ်၊ မှန်ကန်သော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်သော ဤတရားဆယ်မျိုးတို့သည် အာသဝေါတရားတို့ ကုန်ခန်းရန် အလို့ငှါ ဖြစ်ကုန်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။

နှစ်ခုမြောက် ပစ္စောရောဟဏိဝဂ် ပြီး၏။