အင်္ဂုတ္တရနိကာယ်

(၁၃) ၃-ပရိသုဒ္ဓဝဂ်

၆-ဆဋ္ဌသုတ်

၁၂၈။ ရဟန်းတို့ ဤတရားဆယ်မျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သော် မဖြစ်ဖူးသေးသော တရားတို့ ဖြစ်ပေါ်ကုန်၏၊ မြတ်စွာဘုရား၏ အဆုံးအမ ‘သာသနာတော်’ မှ တစ်ပါး၌ မဖြစ်ကုန်။ အဘယ်ဆယ်မျိုးတို့နည်းဟူမူ— မှန်ကန်သော အမြင်။ပ။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤတရားဆယ်မျိုးတို့ကို ပွါးများအပ် ကြိမ်ဖန်များစွာ ပြုအပ်ကုန်သော် မဖြစ်ဘူး သေးသော တရားတို့ ဖြစ်ပေါ်ကုန်၏၊ မြတ်စွာဘုရား၏ အဆုံးအမ ‘သာသနာတော်’ မှ တစ်ပါး၌ မဖြစ် ကုန်ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။