အင်္ဂုတ္တရနိကာယ်

(၁၄) ၄-သာဓုဝဂ်

၁ဝ-ဒုက္ခုဒြယသုတ်

၁၄၃။ ရဟန်းတို့ သင်တို့အား ဒုက္ခဖြစ်ကြောင်း တရားကိုလည်းကောင်း၊ သုခဖြစ်ကြောင်း တရား ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ ဒုက္ခဖြစ်ကြောင်း တရားဟူသည် အဘယ်နည်း၊ မှားယွင်းသော အမြင်။ပ။ မှားယွင်းသော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို ဒုက္ခဖြစ်ကြောင်း တရားဟု ဆိုအပ်၏။ ရဟန်းတို့ သုခဖြစ်ကြောင်း တရားဟူသည် အဘယ် နည်း၊ မှန်ကန်သော အမြင်။ပ။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို သုခ ဖြစ်ကြောင်း တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဒသမသုတ်။