အင်္ဂုတ္တရနိကာယ်

(၁၄) ၄-သာဓုဝဂ်

၉-အာစယဂါမိသုတ်

၁၄၂။ ရဟန်းတို့ သင်တို့အား ဝဋ်ဆင်းရဲရောက်ကြောင်း တရားကိုလည်းကောင်း၊ နိဗ္ဗာန်ရောက် ကြောင်း တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ ဝဋ်ဆင်းရဲ ရောက်ကြောင်း တရားဟူသည် အဘယ်နည်း၊ မှားယွင်းသော အမြင်။ပ။ မှားယွင်းသော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို ဝဋ်ဆင်းရဲရောက်ကြောင်း တရားဟု ဆိုအပ်၏။ ရဟန်းတို့ နိဗ္ဗာန် ရောက်ကြောင်း တရားဟူသည် အဘယ်နည်း၊ မှန်ကန်သော အမြင်။ပ။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို နိဗ္ဗာန်ရောက်ကြောင်း တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။