အင်္ဂုတ္တရနိကာယ်

(၁၅) ၅-အရိယဝဂ်

၆-အာသေဝိတဗ္ဗသုတ်

၁၅ဝ။ ရဟန်းတို့ သင်တို့အား မှီဝဲရမည့် တရားကိုလည်းကောင်း၊ မမှီဝဲရမည့် တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ မမှီဝဲရမည့် တရားဟူသည် အဘယ် နည်း၊ မှားယွင်းသော အမြင်။ပ။ မှားယွင်းသော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို မမှီဝဲရမည့် တရားဟု ဆိုအပ်၏။ ရဟန်းတို့ မှီဝဲရမည့် တရားဟူသည် အဘယ်နည်း၊ မှန်ကန်သော အမြင်။ပ။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း၊ ရဟန်းတို့ ဤသည်ကို မှီဝဲရမည့် တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ဆဋ္ဌသုတ်။