အင်္ဂုတ္တရနိကာယ်

(၁၅) ၅-အရိယဝဂ်

၅-ဥပ္ပါဒေတဗ္ဗသုတ်

၁၄၉။ ရဟန်းတို့ သင်တို့အားဖြစ်စေသင့်သော တရားကိုလည်းကောင်း၊ မဖြစ်စေသင့်သော တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ မဖြစ်စေသင့်သော တရားဟူသည် အဘယ်နည်း၊ မှားယွင်းသော အမြင်။ပ။ မှားယွင်းသော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို မဖြစ်စေသင့်သော တရားဟု ဆိုအပ်၏။ ရဟန်းတို့ဖြစ်စေသင့်သော တရားဟူသည် အဘယ်နည်း၊ မှန်ကန်သော အမြင်။ပ။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း၊ ရဟန်းတို့ ဤသည်ကိုဖြစ်စေသင့်သော တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

ပဉ္စမသုတ်။