အင်္ဂုတ္တရနိကာယ်

(၁၅) ၅-အရိယဝဂ်

၉-အနုဿရိတဗ္ဗသုတ်

၁၅၃။ ရဟန်းတို့ သင်တို့အား အောက်မေ့ရမည့် တရားကိုလည်းကောင်း၊ မအောက်မေ့ရမည့် တရားကို လည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ မအောက်မေ့ရမည့် တရားဟူသည် အဘယ်နည်း၊ မှားယွင်းသော အမြင်။ပ။ မှားယွင်းသော လွတ်မြောက်မှုတို့တည်း။ ရဟန်းတို့ ဤသည်ကို မအောက်မေ့ရမည့် တရားဟု ဆိုအပ်၏။ ရဟန်းတို့ အောက်မေ့ရမည့် တရားဟူသည် အဘယ်နည်း၊ မှန်ကန်သော အမြင်။ပ။ မှန်ကန်သော လွတ်မြောက်မှုတို့တည်း၊ ရဟန်းတို့ ဤသည်ကို အောက်မေ့ရမည့် တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

နဝမသုတ်။