အင်္ဂုတ္တရနိကာယ်
(၁၈) ၃-သာဓုဝဂ်
၁ဝ-ဒုက္ခုဒြယသုတ်
၁၈၇။ ရဟန်းတို့ သင်တို့အား ဒုက္ခဖြစ်ကြောင်း တရားကိုလည်းကောင်း၊ သုခဖြစ်ကြောင်း တရား ကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ ဒုက္ခဖြစ်ကြောင်း တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်း။ပ။ မှားယွင်းသော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို ဒုက္ခ ဖြစ်ကြောင်း တရားဟု ဆိုအပ်၏။ ရဟန်းတို့ သုခဖြစ်ကြောင်း တရားဟူသည် အဘယ်နည်း။ သူ့ အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ပ။ မှန်ကန်သော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို သုခ ဖြစ်ကြောင်း တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ဒသမသုတ်။