အင်္ဂုတ္တရနိကာယ်
(၁၈) ၃-သာဓုဝဂ်
၁၁-ဝိပါကသုတ်
၁၈၈။ ရဟန်းတို့ သင်တို့အား ဆင်းရဲသော အကျိုးရှိသော တရားကိုလည်းကောင်း၊ ချမ်းသာသော အကျိုးရှိသော တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ ဆင်းရဲသော အကျိုးရှိသော တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်း။ပ။ မှားယွင်းသော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို ဆင်းရဲသော အကျိုးရှိသော တရားဟု ဆိုအပ်၏။ ရဟန်းတို့ ချမ်းသာသော အကျိုးရှိသော တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ပ။ မှန်ကန်သော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို ချမ်းသာသော အကျိုးရှိသော တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
ဧကာဒသမသုတ်။
သုံးခုမြောက် သာဓုဝဂ် ပြီး၏။