အင်္ဂုတ္တရနိကာယ်
(၁၉) ၄-အရိယမဂ္ဂဝဂ်
၇-အာသေဝိတဗ္ဗဓမ္မသုတ်
၁၉၄။ ရဟန်းတို့ သင်တို့အား မှီဝဲရမည့် တရားကိုလည်းကောင်း၊ မမှီဝဲရမည့် တရားကိုလည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ မမှီဝဲရမည့်တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်း။ပ။ မှားယွင်းသော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို မမှီဝဲရမည့် တရားဟု ဆိုအပ်၏။ ရဟန်းတို့ မှီဝဲရမည့့်် တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ပ။ မှန်ကန်သော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို မှီဝဲရမည့် တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။
သတ္တမသုတ်။