အင်္ဂုတ္တရနိကာယ်

(၁၉) ၄-အရိယမဂ္ဂဝဂ်

၈-ဘာဝေတဗ္ဗဓမ္မသုတ်

၁၉၅။ ရဟန်းတို့ သင်တို့အား ပွါးများရမည့် တရားကိုလည်းကောင်း၊ မပွါးများရမည့် တရားကို လည်းကောင်း ဟောပေအံ့၊ ထိုတရားကို နာကုန်လော့။ပ။ ရဟန်းတို့ မပွါးများရမည့် တရားဟူသည် အဘယ်နည်း။ သူ့အသက်သတ်ခြင်း။ပ။ မှားယွင်းသော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို မပွါး များရမည့် တရားဟု ဆိုအပ်၏။ ရဟန်းတို့ ပွါးများရမည့့်် တရားဟူသည် အဘယ်နည်း။ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ပ။ မှန်ကန်သော အမြင်တို့တည်း။ ရဟန်းတို့ ဤသည်ကို ပွါးများရမည့် တရားဟု ဆိုအပ်၏ဟု (မိန့်တော်မူ၏)။

အဋ္ဌမသုတ်။