အင်္ဂုတ္တရနိကာယ်
(၁၂) ၂-အာပါယိကဝဂ်
၂-ဒုလ္လဘသုတ်
၁၁၅။ ရဟန်းတို့ လောက၌ ပုဂ္ဂိုလ်သုံးမျိုးတို့၏ ထင်ရှားဖြစ်ပေါ်ခြင်းကို ရခဲ၏။ အဘယ်သုံးမျိုး တို့နည်းဟူမူ— လောက၌ ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော မြတ်စွာဘုရား၏ ထင်ရှားဖြစ်ပေါ်ခြင်းကို ရခဲ၏၊ လောက၌ မြတ်စွာဘုရား ဟောကြားတော်မူသော ဓမ္မဝိနယကို ဟောကြားတတ်သော ပုဂ္ဂိုလ်ကို ရခဲ၏၊ လောက၌ သူ့ကျေးဇူးကို့သိ၍, သိသည့်အလျောက် သူ့ကျေးဇူးကို ထင်စွာ ပြလေ့ရှိသူ ‘ကတညုတ ကတဝေဒီ’ ပုဂ္ဂိုလ်ကို ရခဲ၏။ ရဟန်းတို့ လောက၌ ဤပုဂ္ဂိုလ်သုံးမျိုးတို့၏ ထင်ရှားဖြစ်ပေါ်ခြင်းကို ရခဲ၏ဟု (မိန့်တော်မူ၏)။
ဒုတိယသုတ်။